သရက် မေ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားဝန်ထမ်းများအား မေ ၂၁ ရက် နံနက်ပိုင်းမှ စတင်၍ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာငွေများ ထုတ်ပေးရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဘဏ်အတွင်းသို့ ဝင်ရောက် ရာတွင် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်စေခြင်း၊ လက်ကို ဆေးကြောစေခြင်းများ ဆောင်ရွက်စေပြီး ပင်စင်လစာငွေများ ထုတ်ပေးရာတွင်လည်း အလှည့်ကျစနစ်ဖြင့် ထုတ်ပေး လျက်ရှိသည်။
သရက်မြို့နယ်တွင် ပင်စင်စားဝန်ထမ်း (၁၇၁၇)ဦးရှိပြီး မေ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့ အထိ နေ့စဉ်နံနက် (၇)နာရီမှ နေ့လယ် (၂)နာရီအထိ ပင်စင်လစာ ငွေများထုတ်ပေးသွားမည် ဖြစ်သည်။ သတ်မှတ်ရက်များတွင်လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား ဇွန်လဆန်း တွင် ဘဏ်လုပ်ငန်းအချိန်အတွင်း၌ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေး ဘဏ်မှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)