ဝန်းသို မေ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် မြေပဲသီးနှံပေါ်ချိန် မြေပဲတစ်တင်းကို ငွေကျပ် ၁၅၀၀နှုန်းဖြင့် မိသားစုအလိုက်တစ်ရက်ကို ငွေကျပ် ၅၀၀၀၊ ၁၀၀၀၀ ရရှိ၍ မြေပဲနုတ်ချွေ အငှားလိုက်သူများ တစ်ပိုင်တစ်နိုင်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
“ မြေပဲဥရင်ဥသလို တစ်ရက်ကိုပျမ်းမျှ လေးတင်း ငါးတင်းရတဲ့အတွက် တစ်ယောက်ကို ငါးထောင် ကျော်ရတယ်၊ တစ်ချို့မိသားစု နှစ်ယောက် သုံးယောက်လုပ်ရင် တစ်ရက်ကို တစ်သောင်း ကျော်ရ တယ်” ဟု မြေပဲအငှားနှတ်သူ တစ်ဦးကပြောသည်။
ဝန်းသိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ခုနှစ် ဆောင်းရာသီ မြေပဲသီးနှံ ၂၃၅၅ဧက စိုက်ပျိုးထားရှိရာ မြေပဲအထွက်နှုန်း ၇၀ဒသမ ၁၂ရာခိုင်နှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရ သည်။
ကျော်မြိုင်