ရေး မေ ၂၁
ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၃နာရီအချိန်က စာရေးဆရာဖေမြင့်၏ " အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း" စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်ရည်က လုငယ်လူရွယ် ကျောင်းသားလူငယ်များ စာဖတ်ခြင်းကြောင့် အသိပညာ ဗဟုသုတများ တိုးပွားလာပြီး အမှား/အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိလာခြင်းတို့ကြောင့် ယခုလို စာဖတ်ဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး တက်ရောက်လာသည့် Youth Club အဖွဲ့ဝင်များမှ စာရေးဆရာဖေမြင့်၏ "အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း" စာအုပ်ထဲမှ အခွင့်အရေးဆိုသည်မှာ၊ အောင်မြင်ရမည်ဟူသောစိတ်နှင့် မိမိကိုယ်ကိုထိန်းသိမ်းခြင်း ခေါင်းစဉ်များကို ပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(မြို့နယ်၊ ပြန်/ဆက်)