ကျိုက်လတ် ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ Book Club အဖွဲ့နှင့် ပူးပေါင်း၍ ယနေ့ နေ့လယ် (၁) နာရီက စာရေးဆရာအောင်သင်း ရေးသားသော ''ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ ''စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာအောင်သင်း ရေးသားသော ''ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ "စာအုပ်အား Book Club အဖွဲ့ဝင် ဒေါ်ယဉ်လှ က ရည်မှန်းချက် နှင့် ယုံကြည်မှု အကြောင်းကိုလည်းကောင်း ၊ အဖွဲ့ဝင် ဦးအေးမြင့် က ဘဝဆိုတာအချိန် ၊ အချိန်မပါဘဲနဲ့ ဘဝ ဖြစ်လို့ မရဘူး ၊ ဘဝကိုတန်ဖိုးထားရင် အချိန်ကို တန်ဖိုးထားရမယ် ၊ အချိန်ကိုဖြုန်းပစ်လိုက်သူဟာ ဘဝကို ဖြုန်းပစ်လိုက်ခြင်းဖြစ် ကြောင်း တို့ကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ရီရီမြင့်