ပေါက်တော ဇွန် ၇
သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ ရဟန်း/သာမဏေများကို ယနေ့မွန်းလွဲ ၁၂ နာရီ အချိန်က မြို့နယ်သာသနာ့ဗိမာန် ဓမ္မာရုံတွင် စစ်ဆေး/ဖြေဆိုလျက်ရှိသည်။
အဆိုပါ စာမေးပွဲတွင် တစ်မြို့နယ်လုံးရှိ စာဖြေဆိုမည့် ရဟန်း/သာမဏေ စုစုပေါင်း (၃၉) ပါးစာရင်းသွင်းထားပြီး (၂၈)ပါး ဝင်ရောင်ဖြေဆိုလျက်ရှိသည်။ ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆို/ပျက်ကွက်ကြသည့် ရဟန်း/သာမဏေ များမှာအခြေပြုမူလတန်းတွင် ဖြေဆိုမည့်ရဟန်း (၁၆) ပါး အနက် (၉) ပါးဖြေဆိုပြီး (၇)ပါးပျက်ကွက်၊ ပထမငယ်တန်း ဖြေဆိုမည့် သံဃာ ၂ ပါးအနက် ၁ ပါးဖြေဆိုပြီး ၁ ပါးပျက်ကွက်၊ ပထမလတ်တန်း သံဃာ ၁၁ ပါးအနက် ၈ ပါးဖြေဆိုပြီး ၃ ပါးပျက်ကွက်၊ ပထမကြီးတန်း ဖြေဆိုမည့် သံဃာ ၁၀ ပါးဖြေဆိုခဲ့ကြောင်း သိရှိရ သည်။
ပါဠိပထမပြန် စာပွဲတွင် မြို့နယ်သံဃာ့နာယက ဥက္ကဌ ဆရာတော်နှင့် မြို့နယ် သံဃာ့နာယက အဖွဲ့ဝင် ဆရာတော်များက ကြီးကြပ်စစ်ဆေးလျက်ရှိသည်။ ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေရဟန်း/သာမဏေများ အေးချမ်းစွာ စာမေးပွဲဖြေဆို နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ စီစဉ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှုများ ပူးပေါင်းကာ ဆွမ်းနှင့် အထွေထွေဝေယျာဝစ္စများကို စာမေးပွဲ ကာလမှာ ဇွန် လ ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ ပြင်ဆင်လျက် လှူဒါန်းရန် ဆောင်ရွက်ထား ရှိကြောင်း သိရသည်။
ကျော်သန်း