ဆိပ်ကြီးခနောင်တို ဇွန် ၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် မဖြစ်မနေ အကာအကွယ် Mask တပ်ဆင်သွားလာရေး Mask Campaign ကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ Mask Campaign တွင် ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များမှ ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆိပ်ကြီးအရှေ့ ရပ်ကွက်ရှိ “ရွှေရန်ကုန်” စက်တပ်ရေယာဉ်(သမ္ဗာန်ဂိတ်အနီးနှင့် မြိုမဈေးကြီးအတွင်း အကြောင်းအမျိုး မျိုးဖြင့် နေအိမ်ပြင်ပသွားလာကြသူများ၊ ဈေးရောင်း/ဈေးဝယ် လာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအား လက်ကိုင်အသံချဲ့စက်ဖြင့် အသိပညာပေး ပြောကြားခြင်းနှင့် ပြည်သူတစ်ဦးချင်းစီ မဖြစ်မနေ Mask တပ်ဆင်သွားလာရေးအတွက် အကာအကွယ် Mask များအား အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)