ဓနုဖြူ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေဝန်းကျောင်းတိုက်ရှိ ငြိမ်း(လှိုင်ထိပ်ထားသာသနာ့ဗိမာန်)တွင် ယနေ့ ဇွန်လ ၇ရက်နေ့ မွန်းတည့် (၁၂)နာရီ အချိန်မှစ၍ ၂၀၂၁- ခုနစ် ပါဠိပထမပြန်စာမေးပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။
ပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာဖြေသံဃာတော်(၁၆၇)ပါး၊ သီလရှင်(၃)ပါး၊ စုစုပေါင်း(၁၇၀)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိရာ ဗဟိုဝန်ဆောင်ဆရာတော်၊ တိုင်းဝန်ဆောင် ဆရာတော်နှင့် သြဝါဒစရိယဆရာတော်(၃)ပါး၊ စာမေးပွဲကြီးကြပ်သံဃာတော် (၁၃)ပါး ၊မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းဖြင့် စစ်ဆေးလျက်ရှိသည်။ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ (၇)ရက်နေ့မှ ဇွန်လ (၁၃)ရက်နေ့အထိ ကျင်းပဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)