လှိုင်းဘွဲမြို့နယ်တွင် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

လှိုင်းဘွဲ      ဇွန်    ၈

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဆန်းဦး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးစိုင်းရန်နောင်နှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများက လှိုင်းဘွဲ မြို့ပေါ်အတွင်း လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် ဒုတိယသုံးလပတ်အတွက် (၃၀၀၀၀)ကျပ်နှုန်းဖြင့် သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး လှိုင်းဘွဲမြို့နယ်တွင် အဘိုး(၂၄၁)ဦး၊အဘွား(၃၆၃)ဦးအတွက် ထောက်ပံ့ငွေ ကျပ်(၁၈,၁၂၀,၀၀၀)ကို လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက ကြီးကြပ်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)