မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၁ ခုနှစ် ပါဠိပထမပြန် စာမေးပွဲကျင်းပ

မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၁ ခုနှစ် ပါဠိပထမပြန် စာမေးပွဲကျင်းပ
မင်္ဂလာဒုံ ဇွန် ၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ် ပါဠိပထမပြန် စာမေးပွဲ ပထမနေ့ ဒွေးမာတိကာဘာသာကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြည်တော်သာရပ်ကွက်ရှိ မြို့နယ်ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီးနှင့် ပျဉ်းမပင်အာယုဒီဃ ပျိုးဥယျာဉ် စာသင်တိုက် အပါအဝင် မင်္ဂလာဒုံမြို့နယ် သာသနာ့နုဂ္ဂဟဆန်လှူအသင်းဓမ္မာရုံတို့တွင် ယနေ့ မွန်းတည့်(၁၂)နာရီအချိန်မှ ညနေ(၃)နာရီအထိ ဖြေဆိုခဲ့ပြီး ပါဠိပထမပြန်စာမေးကို ဇွန်လ ၇ ရက်နေ့ မှစ၍ ၁၃ ရက်နေ့အထိ ကျင်းပမည်ဟု သိရသည်။
ပါဠိပထမပြန် စာမေးပွဲဖြေဆိုရာတွင် အကြီးတန်း/အလတ်တန်း/အငယ်တန်း/မူလတန်းတို့ကို သံဃာ (၅၉၀)ပါး၊ သာသနနွယ်ဝင်သီလရှင်(၂၆၂)ပါး၊ လူ(၁၆)ဦးတို့ ဖြေဆိုကြကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)