ဟိုပင် ဇွန် ၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ၊ဟိုပင်မြို့ မြို့မမြောက်ရပ်ကွက် ရွှေဘို−မြစ်ကြီးနားလမ်းပိုင်းပေါ်ရှိ ဟိုပင်သရက်ချောင်းတံတားသည် မေလ ၂၄ ရက် ည ၈ နာရီ ၃၅ မိနစ်က မိုင်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသဖြင့် ၄င်းတံတားနှင့်ကပ်လျက်တွင် ဘေလီသံဘောင်တံတားဆောက်လုပ်ပြီးစီး၍ ယမန်နေ့ နေ့လည်ပိုင်းမှစတင်ကာ တန်၂၀ အောက်ကားများ ဖြတ်သန်းသွားလာနေပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တံတားသည် အရှည် ၁၄၀ ပေ ၊ အကျယ် ၁၄ ပေခွဲရှိပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့တံတားအထူးအဖွဲ့(၁) မှ ဒုတိယညွှန်ကြားရေးမှူး ဦးတေဇာနီလှက ဦးဆောင်၍ ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
တိုးတိုးမေ(ဟိုပင်)