ဖားကန့် ဇွန် ၈
ဖားကန့်မြို့နယ်တွင် ၂၀၂၁ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကိုယမန်နေ့ နေ့လည်(၁၂)နာရီက ဖားကန့်မြို့ ကျောက်စိမ်းတွင်း သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ၂၀၂၁ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ ကျင်းပရာတွင် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက COVID-19 စည်းကမ်းချက်များနှင့်အညီ စာဖြေဆို ရဟန်း၊ သာမဏေနှင့် သီလရှင်ဆရာလေးများအား ကြီးကြပ် စောင့်ရှောက်ပေးခဲ့ကြပြီး စာမေးပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနှင့် အလှူရှင်များမှ လှူဒါန်းငွေကျပ် (၁၂၄)သိန်း (၃)သောင်းအား လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၁ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲသို့ ရဟန်း၊ သာမဏေ၊ သီလရှင်စာရင်းသွင်း(၁၁၆)ပါး ဖြေဆို (၉၁)ပါး ပျက်ကွက်(၂၅)ပါးရှိပြီး အဆိုပါစာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၁၃)ရက်နေ့အထိ ဖြေဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)