မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကင်းရှင်းရေး မီးသတိပေး လှုံ့ဆော်ခြင်းများ ဆောင်ရွက်

 

 

 

မြို့သစ်  ဇွန် ၈

 

 

မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ   မီးသတိပေးလှုံ့ဆော်ခြင်းများကို ယမန်နေ့ ညနေ ၅နာရီအချိန်က သက်ဆိုင်ရာနယ်မြေများတွင် လှည့်လည်ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

 

 

ထိုသို့ မီးသတိပေးခြင်းများ ဆော်ဩဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ်  မီးသတ်ဦးစီးဌာနမှ   မီးသတ် ဦးစီးမှူး ဦးဝေလင်းကျော်နှင့်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်အတွင်းသို့ ဌာန ပိုင်မီးသတ်မော်တော်ယာဉ်ဖြင့်လှည့်လည်ကာ ထမင်း/ဟင်းချက်ပြုတ်ချိန်တွင် မိမိတို့အိမ်ရှိ မီးဖိုများ ကို  အသုံးပြုရာ၌  စနစ်တကျကာရန်၍  ချက်ပြုတ်ကြရန် ၊   ချက်ပြုတ်ပြီးပါက မီးကိုစနစ်တကျဖြင့် ငြိမ်းသည်အထိငြိမ်းသတ်ကြရန် ၊   ချက်ပြုတ်ချိန်တွင် မီးဖိုအနီးတွင် ရေအိုး ရေခွက်များ အသင့်ထား ရှိကြရန်  ၊  မီးဖိုအနီးတွင် လောင်စာဆီများမထားကြရန် ၊ ဟောင်းနွမ်း နေသော လျှပ်စစ်ဝါယာကြိုး ၊ မီးခလုတ် ၊မီးအားမြှင့်စက်များကို အသုံးပြုပီးပါက စနစ်တကျ ပြန်လည် ပိတ်ထားကြရန်၊  အသုံးမပြု သည့် လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါက  သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများနှင့် ဆက်သွယ်ပြသပြီး   ဖြုတ်ထားကြရန်  ၊  ပိတ်ထားကြရန်နှင့် ရပ်ကွက်/ ကျေးရွာများအတွင်းရှိ မိမိတို့အိမ်တွင် အသင့်ထားရှိသော မီးချိတ် ၊ မီးကပ် ၊ သဲပုံး ၊ ရေပုံး ၊  လှေကားနှင့် မီးသတ်ဆေးဗူးတို့ကို  အသင့် ထားရှိကြ ရန် ၊ မီးအသုံးပြုချိန်ကို နေ့စဉ် နံနက် ၄ နာရီ မှ ၁၁နာရီထိနှင့် ညနေ  ၃ နာရီမှ  ည ၈ နာရီအချိန်ထိ အသုံးပြုကြရန် စသည့်အချက်များကို မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင် များက အပတ်စဉ်(တနင်္လာ၊ဗုဒ္ဓဟူး ၊ သောကြာ) နေ့များတွင် ပုံမှန်လှည့်လည်ဆော်ဩဆောင်ရွက်​ ကြကြောင်း သိရသည်။

 

သန်းဝင်းထွန်း (မြို့သစ်)