သတင်းများ

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး အာဇာနည်ဗိမာန်ကို ကြည့်ရှု့စစ်ဆေး
Jun 14,2021
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီခွဲတွင် ဗဟန်းမြို့နယ်၊ အာဇာနည်ဗိမာန်ရှင်းလင်းဆောင်သို့ရောက်ရှိပြီး ၂၀၂၁ ခုနှစ်(၇၄)နှစ်မြောက်အာဇာနည်နေ့ အခမ်း အနား ကျင်းပမည့် နေရာများကို လိုက်လံကြည့်ရှု့စစ်ဆေး၍၊ အခမ်းအနား ကျင်းပမည့် နေရာများတွင် သန့်ရှင်းသပ်ရပ်စေရန်၊လုပ်ငန်းများအရှိန်အဟုန်ုမြှင့်ဆောင်ရွက်ကြရန်၊လိုအပ်သည်များကိုမှားကြားသည်။
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၁) အစည်းအဝေး ကျင်းပ
Jun 14,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇွန် ၁၄  ရက်နံနက် ၁၀ နာရီက ပဲခူး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ (၂/၂၀၂၁) အစည်းအဝေး ကျင်းပခဲ့သည်။
ပဲခူးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အစည်းအဝေးကျင်းပ
Jun 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင်  ယနေ့နံနက်(၁၀:၃၀)နာရီ အချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများကို သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်သည့် စီမံချက်များ ရေးဆွဲ ဆောင်ရွက်ရန် အတွက် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အများပြည်သူများ အန္တရာယ်မဖြစ်စေရေး ကျန်းမာရေးနှင့် ညီညွတ်သော အသား/ငါးများ စနစ်တကျ ရောင်းချမှုရှိစေရေး အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများအားကွင်းဆင်းဆောင်ရွက်
Jun 14,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ အတွင်းရှိ သားသတ်ရုံနှင့် အသားရောင်း ဆိုင်များတွင်    အများပြည်သူများ အန္တရာယ်မဖြစ်စေရေး ကျန်းမာရေးနှင့် ညီညွတ်သော အသား/ငါးများ စနစ် တကျ ရောင်းချမှုရှိစေရေး အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းကို ယနေ့နံနက်က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။    
တောင်တွင်းကြီး၌ အခြောက်ထယ်ရေးဖြင့် မိုးစပါးများစတင်ကြဲပက်စိုက်ပျိုး
Jun 14,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မိုးများရွာသွန်းပြီဖြစ်၍ မိုးစပါးစိုက်ပျိုးသည့်  တောင်သူများသည် အခြောက်ထယ်ရေးဖြင့် စပါးများကြဲပက်နေကြပြီဖြစ်သည့် တောင်သူများ အနေဖြင့် ထယ်ရေးစတင်ဆောင်ရွက်ချိန်တွင် ထွန်စက်မောင်းခမှာ တစ်ဧကလျှင် ၁၈၀၀၀ကျပ်အထိ မြှင့်တက် သွားခဲ့ပြီး ထယ်ရေးတစ်စပ် ဓါးစပ်ထွန်တစ်စပ် မောင်းကြရသည့်အတွက် တစ်ဧကလျှင် စက်မောင်းခ ငွေကျပ်၃၆၀၀၀ ကန်သင်းပေါက်နေ့စားခမှာတစ်ဦးလျှင် ၆၀၀၀ကျပ်နှုန်းပေးရသဖြင့် လယ်ဧကအနည်း အများအပေါ်မူတည်၍ ကုန်ကျမှုများရှိကာ မိုးစပါးကြဲပက်သူကိုနေ့စားခ ၆၀၀၀ကျပ် ဖြင့် ထပ်မံငှားရ ကြောင်းသိရသည်။
တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်တွင် စာအုပ်မိတ်ဆက်ပွဲနှင့် စာကြည့်တိုက် ရန်ပုံငွေ လှူဒါန်းခြင်း အခမ်းအနားကျင်းပ
Jun 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပ မြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်း စာကြည့်တိုက်တွင် ကဗျာစာအုပ် မိတ်ဆက်ခြင်းနှင့် ရည်ညွှန်း စာကြည့်တိုက် အတွက် ရန်ပုံငွေ လှူဒါန်းပွဲ အခမ်းအနားကိုယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သန်လျင်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jun 14,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပင်းတယမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲအောင်သံဃာများအား စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Jun 14,2021
၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော စာအောင်သံဃာနှင့်သီလရှင်များအား အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြို့နယ်ဓမ္မာရုံတွင် ယမန်နေ့နံနက် (၇)နာရီက ကျင်းပပြုလုပ်ခဲ့ရာ နာယကဆရာတော်များ၊ စာအောင်သံဃာများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိ/မြို့ဖများ၊ မြို့နယ်ဆွမ်း၊ ကွမ်းဆက်ကပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။