သန်လျင်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

 

သန်လျင် ဇွန် ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးထွန်းထွန်းလေးက အဖွင့် အမှာစကားပြောကြးပြီး သန်လျင်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမူရေးပင်စင် ထောက်ပံ့ငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးထွန်းထွန်းလေးနှင့် တာဝန် ရှိသူများက ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် ဒုတိယသုံးလပတ် အတွက် ဘိုးဘွား တစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် သန်လျင်မြို့နယ်အတွင်းရှိ သက်ကြီး ဘိုးဘွား ၁၀၁၁ ဦးအတွက် စုစုပေါင်းထောက်ပံ့ ငွေကျပ် (၃၀၃၃၀၀၀၀/-)ကို ပေးအပ်ခဲ့ကာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ဘိုးဘွားများရှိရာ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်နိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်