သတင်းများ

လေးမျက်နှာမြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေပေးရေးလုပ်ငန်းများ လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 15,2021
စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးလက် ကုန်ထုတ်လမ်း (၁)လမ်းနှင့် ကျေးလက်ရေပေးရေး လုပ်ငန်း(၄)ခုအား သက်ဆိုင်ရာ ကျေးရွာကော်မတီများထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့​သည်။
ရွှေတောင်မြို့နယ်တွင် နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ကိုဗစ်၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်း လုပ်ငန်း Mask တပ်ဆင်သွားလာစေရန် ယနေ့ နံနက်(၇)နာရီအချိန်က လူစည်ကားရာ ရွှေတောင်မြို့မဈေးကြီးအနီးလမ်းမတွင် ပုံမှန်အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တရားမဝင်မော်တော်ဆိုင်ကယ် အသုံးပြုနေမှုများ စစ်ဆေးဖမ်းဆီးအရေးယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှကျင်းပပြုလုပ်သော တရားမဝင် မော်တော်ဆိုင်ကယ် အသုံးပြုနေမှုများ စစ်ဆေးဖမ်းဆီးအရေးယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Jun 15,2021
မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် ဆောင်ရွက်ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လယ်ယာ မြေစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ပန်းတောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပန်းလိုချင်အပင်ကိုပျိုးတတ်မှ စာအုပ်ကို စာဖတ်ဝိုင်းကျင်းပပြုလုပ်
Jun 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်စေရန် ရည်ရွယ်၍ ကိုဗစ် ၁၉ စည်းကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုခြင်းကို မင်းလှမြို့တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့
Jun 15,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ ဦးဆောင်မှုဖြင့် ကျင်းပခဲ့သော ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို   ကိုဗစ်-၁၉ ထုတ်ပြန်ချက်နှင့်အညီ ကျင်းပခဲ့ရာ အောင်မြင်စွာ‌ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
(၄၇)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုများ ဂန့်ဂေါတွင် ဆက်ကပ်လှူဒါန်း
Jun 15,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဂန့်ဂေါ စာဖြေဌာန၌ ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များအား (၄၇) ကြိမ်မြောက်အောင် လက်မှတ် များနှင့် လှူဖွယ်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်(၉)နာရီက ဂန့်ဂေါမြို့ သာသနာ့ ဗိမာန် တော်ကြီးတွင် ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများ ရှင်းလင်း
Jun 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း မိုးတွင်းကာလရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြို့ပေါ် ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ စုပေါင်း၍ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။