ပန်းတောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပန်းလိုချင်အပင်ကိုပျိုးတတ်မှ စာအုပ်ကို စာဖတ်ဝိုင်းကျင်းပပြုလုပ်

ပန်းတောင်း ဇွန် ၁၅

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်စေရန် ရည်ရွယ်၍ ကိုဗစ် ၁၉ စည်းကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

 

အဆိုပါစာဖတ်ဝိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စာပေချစ်သူစာဖတ်ပရိတ်သတ်များက စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသော ပန်းလိုချင်အပင်ကိုပျိုးတတ်မှ စာအုပ်ပါ အကြောင်းအရာများကို အချင်းချင်း အမြင်ခြင်း ဖလှယ်သည့်အနေဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

သင်းသင်းအေး