တောင်ကြီး ဇွန် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှကျင်းပပြုလုပ်သော တရားမဝင် မော်တော်ဆိုင်ကယ် အသုံးပြုနေမှုများ စစ်ဆေးဖမ်းဆီးအရေးယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဥပဒေအရာရှိ၊ ပြည်နယ် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ပြည်နယ် အကောက်ခွန် ဦးစီးဌာန၊ပြည်နယ်မီးသတ်ဦးစီးဌာန၊ တောင်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးနှင့်အမှတ်(၁၈)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး ဒုတပ်ဖွဲ့ခွဲမှူးတို့က ကဏ္ဍအလိုက်ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို ကဖြည့်စွက်ဆွေးနွေးရာ တရားမဝင် မော်တော်ဆိုင်ကယ်များကို လိုင်စင်များပြုလုပ်ကြ ရန်၊ လိုင်စင်မပြုလုပ်သည့် မော်တော်ဆိုင်ကယ်များကို အပြစ်ပေးခြင်းနှင့်ဒဏ်ငွေဆောင်ခြင်းများကို ပြုလုပ် သွားမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
တရားမဝင် မော်တော်ဆိုင်ကယ် အသုံးပြုနေမှုများ စစ်ဆေးဖမ်းဆီးအရေးယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို၊ ပြည်နယ်ဥပဒေအရာရှိ၊ပြည်နယ်ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ပြည်နယ်အကောက်ခွန်ဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီး ဌာန၊ တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးနှင့် အမှတ်(၁၈)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး ဒုတပ်ဖွဲ့ခွဲမှူးတို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)