ဒေးဒရဲ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း မိုးတွင်းကာလရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြို့ပေါ် ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ စုပေါင်း၍ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင် သာယာရေး အဖွဲ့က လက်ထောက် အင်ဂျင်နီယာ ဒေါ်သီတာစိုးနှင့် ဝန်ထမ်းများက မိုးတွင်းကာလ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် သွေးလွန် တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လမ်းဘေးဝဲယာရှိ ရေမြောင်းများအတွင်းရှိ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေး ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြပြီး အဆိုပါ ရေစီးရေလာ ကောင်းမွန် ရေး ရေမြောင်းများရှင်းလင်းခြင်း လုပ်ငန်းများအား အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေဒေးသူ