မင်းလှ ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ ဦးဆောင်မှုဖြင့် ကျင်းပခဲ့သော ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ကိုဗစ်-၁၉ ထုတ်ပြန်ချက်နှင့်အညီ ကျင်းပခဲ့ရာ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲကို အမှတ် (၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ တစ်ပတ်ကြာ ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကျောင်းများမှ ရဟန်းသာမဏေများ(၃၂)ပါး စာရင်းပေး ဖြေဆိုကြမည့်အနက်မှ ပထမကြီးတန်းတွင် ရဟန်း (၂)ပါး၊ ပထမလတ်တန်းတွင် ရဟန်း (၁)ပါး၊ ပထမငယ်တန်းတွင် သာမဏေ(၇)ပါး၊ အခြေပြုမူလတန်းတွင် သာမဏေ(၁၀)ပါး စုစုပေါင်း (၂၀)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲအား အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ဆွမ်းကပ်လှူခြင်း၊ အအေးများလှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများနှင့် ဝေယျာဝစ္စများအား ပါဠိပထမပြန်စာမေးပွဲကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ