မြိတ် ဇွန် ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ ရာသီဥတု ပြောင်းလဲမှုနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ တော်ကို သမုတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး စုစုပေါင်းပျိုးပင် (၁၃၀၀)ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျဉ်းကတိုး(၂၅၀)ပင်၊ မဟော်ဂနီ(၂၅၀)ပင်၊ မန်ဂျန်ရှား(၃၀၀)ပင်၊ သင်္ကန်း (၅၀) ပင်၊ ပိတောက်(၁၀၀)ပင်၊ ကန့်ကော်(၅၀)ပင်၊ ခရေ(၅၀)ပင်၊ စိန်ပန်း(၁၀၀)ပင်၊ ငုရွှေဝါ(၂၀)ပင်၊ ပျဉ်းမ(၁၀၀)ပင်၊ တပေဘူတ (၅)ပင်၊ ပေါက်ပန်းနီ(၂၅)ပင် စုစုပေါင်းပျိုးပင်(၁၃၀၀)ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သစ်ပင်စိုက်ပျိုးပွဲ၌ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် တာဝန်ရှိသူများက သမုတ် အထက ကျောင်းအုပ် ကြီး၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းသား/သူများထံသို့ ပျိုးပင်များအား ဖြန့်ဝေပေးခဲ့ပြီး မြိတ်ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့များနှင့် ရွာသူရွာသားများမှ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရှင်ယူက ကျေးဇူး တင်စကား ပြောကြားခဲ့သည်။
ထို့အတူ သမုတ်ကျေးရွာ စိမ်းလန်းစိုပြေစေရေးအတွက် ကျေးရွာအတွင်းစိုက်ပျိုးနိုင်ရန် သစ်တောဦးစီးဌာနမှ စိန်ပန်း (၂၅)ပင်၊ မန်ဂျန်ရှား(၁၁၀)ပင်၊ ပျဉ်းကတိုး(၆၀)ပင်၊ ငုဝါပန်း(၄၀)ပင်၊ ပေါက်ပန်းနီ(၇၅) ပင်၊ မဟော်ဂနီ(၂၀)ပင်၊ ကံ့ကော် (၂၀)ပင်၊ ပျဉ်းမ(၂၀)ပင်၊ ခရေ(၇၀)ပင် စုစုပေါင်း(၄၄၀)ပင်အား ကျေးရွာသူ/သားများအား ဖြန့်ဝေပေးခဲ့သည်။ အလားတူ လူထုဖြန့်ပျိုးပင်များကို ရပ်ကွက်/ကျေးရွာ ပြည်သူများအား သစ်တောဦးစီးဌာနမှ ဆက်လက်ဖြန့်ဝေပေး သွားမည်ဖြစ် ကြောင်း သိရသည်။
ခိုင်ထူး