ရွှေတောင်မြို့အဝင် တိုးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ အသိပညာပေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

ရွှေတောင် ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့အဝင် တိုးဂိတ်တွင် ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင် တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး အတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် မြို့အတွင်း ဝင်ရောက်လာကြသူများကို ပါးစပ်နှာခေါင်းစည်း mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ mask ကို စနစ်တကျ တပ်ဆင်သွားလာရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြုမူနေထိုင် သွားလာရေး အသိပညာပေးနှိုးဆော်ခြင်း၊ mask ကို စနစ်တကျ တပ်ဆင်ပြီးမှသာ မြို့တွင်းသို့ ဝင်ထွက်သွားလာစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း စသည်တို့ကို ကနဦး ပညာပေးဆောင်ရွက် လျက်ရှိကြောင်းနှင့် အဆိုပါစစ်ဆေးရေးဂိတ်ကို နေ့စဉ် နံနက်(၆)နာရီမှ ည(၉)နာရီအထိ ဖွင့်လှစ်၍ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ကိုကိုမင်း