ဂန့်ဂေါမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

 


ဂန့်ဂေါ ဇွန် ၂၁

 

၂၀၂၁ ခုနှစ် ဇွန်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဂန့်ဂေါမြို့ မြန်မာ့ စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူမည့် ပင်စင်စားများအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ပင်စင်လစာထုတ်ယူမှု အဆင်ပြေ စေရန်အတွက် ယနေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါပင်စင်လစာထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ “ ဒီနေ့မှာတော့ လူဦးရေ (၃၀၀) ကျော် ပင်စင် လစာလာထုတ်ကြပါတယ်၊ ပထမပတ်အတွင်းမှာ တစ်နေ့ကို လူဦးရေ (၃၀၀) ခန့်လာ ထုတ်ကြပါတယ်၊ အဲဒီနောက်ပိုင်းတွင်တော့ လာထုတ်တဲ့လူဦးရေက တစ်နေ့ကို (၅၀) ဦးခန့်သာ ရှိပါတော့တယ်၊ ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ (၂၂၀၀) ကျော်တို့အတွက် ပင်စင်လစာငွေများ လစဉ် ထုတ်ပေးလျက်ရှိပြီး ရုံးဖွင့်ရက်များ၌ လာရောက် ထုတ်ယူနိုင်ကြောင်း အသိပေးပန်ကြားထားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ များကိုလည်း လိုက်နာဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားတယ်” လို့ မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဒေါ်စုစုမော်ထံမှ သိရှိရသည်။


ထင်အောင်နိုင်(ဂန့်ဂေါ)