ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

သဲကုန်း ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လင်းအောင်နှင့် ပြည်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်းတို့သည် ယမန်နေ့ က သဲကုန်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရုံးဝန်ထမ်း များ၊ လူထုဗဟိုပြုစီမံကိန်း CF/ TF များအား တွေ့ဆုံပြီး ယခုကာလ လုပ်ငန်းအခက်အခဲများအပေါ် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် (၂၀၁၇-၂၀၁၈)ခု ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်သော သရက်သုံးပင်ကျေးရွာ မြစိမ်းရောင် စီမံကိန်း ကျေးရွာကော်မတီများနှင့် တွေ့ဆုံပြီး ငွေစာရင်းစာအုပ်များ စစ်ဆေးခြင်း၊ ဆောင်ရွက်ထားရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းဝယ်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ သည်။

ဆက်လက်ပြီး အဆိုပါအဖွဲ့သည် (၂၀၂၀-၂၀၂၁)ခုနှစ်တွင် ဆောင်ရွက်သော ကွေ့တက်အုပ်စု၊ အင်တိုင်း အင်ကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း အခြေအနေအား ကွင်းဆင်းကြည့်ရှုခြင်း လူထုဗဟိုပြု စီမံကိန်း တတိယနှစ်စက်ဝန်း သစ်နီတောအုပ်စု၊ သိန်းသောင်းကျေးရွာ မြေနီလမ်းခင်းခြင်း  ဆောင်ရွက် ထားရှိမှုအခြေအနေများအား စစ်ဆေးကြည့်ရှုခဲ့ ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရ သည်။

နိုင်လင်း