ကျောက်ဆည်မြို့တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေ

ကျောက်ဆည်   ဇွန်  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း နှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ကျောက်ဆည်မြို့ အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ယနေ့ နံနက်(၉)နာရီက မြို့ရှောင်လမ်းဆုံ ကေသီဦး စက်သုံးဆီအရောင်းဆို်ငအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ကောင်းမြတ်သူနှင့်တာဝန်ရှိသူများက မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား ဆိုင်ကယ် စီးဦးထုပ်ဆောင်းပြီး မေးသိုင်းကြိုးများ စနစ်တကျ တပ်ဆင်မောင်းနှင်ရေး၊ ရှေ့မီး(နိမ့်၊မြင့်)နှင့် အချက်ပြမီး၊ ဘရိတ်မီးများ ကောင်းမွန်ခြင်း ရှိ/မရှိ၊ သတ်မှတ်ယာဉ်ကြောအတိုင်းမောင်နှင်ရေး၊ ယာဉ်ကြောပြောင်းပြန်မစီးရေး၊ မူးယစ်သောက်စားပြီး ဆိုင်ကယ်မစီးကြစေရန်နှင့် နောက်ကြည့်မှန် စုံလင်စွာပါရှိရေး၊ မြို့တွင်းမိုင်(၃၀) နှင့်မြို့အပြင်မိုင်(၅၀)ထက် ပိုမမောင်းစေရေး မော်တော်ကား မောင်းနှင်သူများအတွက် ယာဉ်ပျက်ပါက လမ်းဘေးရွေ့ရပ်ရေး၊ ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော မော်တော်ယာဉ်များ မောင်းနှင်ရန်၊ ဖြူနီကြား ကပ်တုံးဘေး၊ လူကူးမျဉ်းဝါအတွင်းနှင့် မျဉ်းကျားပေါ်တွင် မော်တော်ယာဉ်များမရပ်စေရေး၊ အသက်ကယ်ခါးပတ်များ တပ်ဆင်မောင်းနှင်စေရေးစသည့် ပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ဇွန်လတွင် ယာဉ်တိုက်မှု (၆) ကြိမ်၊ မြစ်သားမြို့နယ်တွင် (၃)ကြိမ်၊ စဉ့်ကိုင်မြို့နယ်တွင်(၂)ကြိမ်၊ တံတားဦးမြို့နယ်တွင် (၃)ကြိမ် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ကျား(၁၀)ဦး၊ မ (၈)ဦး၊စုစုပေါင်း(၁၈)ဦးရှိပြီး၊ သေဆုံးသူ ကျား(၇)ဦး၊ မ(၂)ဦး စုစုပေါင်း(၉)ဦးရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)