သဲကုန်း ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့အဝင် ရွှေဘုန်းရှိန်ဘုရားရှေ့လမ်းဆုံ၌ ယနေ့နံနက်ပိုင်းမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုတီးကုန်း-သဲကုန်း-ဆင်မြီးဆွဲ-ပေါင်းတလည်-ပြည်လမ်းတို့ ဆုံမှတ်နေရာဖြစ်သော အဆိုပါလမ်းဆုံရှိ စစ်ဆေးရေးဂိတ်တွင် မြို့အတွင်း ဝင်ရောက်လာကြသူများကို ပါးစပ်နှာခေါင်းစည်း mask တပ်ဆင်မှု ရှိ/မရှိစစ်ဆေးခြင်း၊ Mask များ တပ်ဆင်လာခြင်းမရှိပါက Mask(၃)ခုပေး၍ ဒဏ်ငွေ ၅၀၀ ပေးဆောင်စေခြင်း၊ maskကို စနစ်တကျ တပ်ဆင်သွားလာရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြုမူနေထိုင်သွားလာရေး အသိပညာပေးနှိုးဆော်ခြင်း၊ maskကိုစနစ်တကျတပ်ဆင်ပြီးမှသာ မြို့တွင်းသို့ ဝင်ထွက်သွားလာစေခြင်း စသည်တို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါစစ် ဆေးရေးဂိတ်ကို နေ့စဉ် နံနက်(၇)နာရီမှ ညနေ(၅)နာရီအထိ ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
နိုင်လင်း