အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်​ရေး လုပ်ငန်းများ​ ဆောင်ရွက်ရန်အတွက် ​စေတနာ့ဝန်ထမ်း သင်တန်းဖွင့်လှစ်

 

အလုံ   ဇွန်လ    ၂၁

ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်   ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်​ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက်စေတနာ့ဝန်ထမ်း သင်တန်းကို ဇွန်လ ၂၁ ရက်​နေ့၊ နံနက်(၉း၀၀)အချိန်က မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်​ကြောင်း သိရသည်။

 

သင်တန်းကို မြို့နယ် ကိုဗစ်-၁၉​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုန့်ပြန်​ရေး​ကော်မတီမှ ကြီးမှူး၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ၊ ဥက္ကဌဦးဆန်းမင်းက အဖွင့်အမှာစကား​ ပြောကြားခဲ့သည်။ သင်တန်းသို့ အလုံမြို့နယ်အတွင်းရှိ သံ​ဝေဂလူမှုကူညီ​ရေးအသင်း၊ ကြီး​လေးကြီးလူမှုကူညီ​ရေးအသင်း၊ မာဃလူမှုကူညီ​ရေးအသင်း၊ ကြက်​ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ အင်အား(၃၅)ဦးတက်​ရောက်ခဲ့သည်။

 

အဆိုပါ သင်တန်းတွင်စေတနာ့ဝန်ထမ်းအဓိပ္ပါယ်၊ ကျင့်ဝတ်နှင့်တာဝန်ဝတ္တရားများ၊ ကိုဗစ်-၁၉နှင့် ပက်သက်၍ဆောင်ရန်၊​ ရှောင်ရန်များ၊ PPEဝတ်နည်း၊ ချွတ်နည်းနှင့် Chlorine ပိုးသတ်​ဆေး​ ဖော်စပ်အသုံးပြုနည်း၊​ စေနာ့​ဝန်ထမ်းများ၏ အခန်း၊ အသက်ရှုအားကူနည်း၊ အ​​ရေးပေါ်လူနာ သယ်​ဆောင်နည်းနှင့် ပတ်တီးစည်းနည်းစသည့် ဘာသာရပ်များကို  သင်ကြား ပို့ချသွားမည် ဖြစ်သည်။

 

သင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာ​​ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ကြက်​ခြေနီတပ်ဖွဲ့နှင့် ကြီး​လေးကြီး လူမှုကူညီ​ရေးအသင်းတို့မှ တာဝန်ရှိသူများက  သင်ကြားပို့ချ​ပေးမှာဖြစ်ပြီး သင်တန်းကို ဇွန်လ ၂၁ ရက်မှ ၂၂ ရက်​နေ့အထိ ()ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်​ကြောင်း သတင်းရရှိသည်။

ရွက်သစ်​ဝေ