သထုံမြို့နယ်တွင် ရေချိုငါးမွေးမြူရေးနှင့် အခြေခံငါး ဆေးထိုးသားဖောက်ခြင်းသင်တန်း ဖွင့်ပွဲကျင်းပ

သထုံ    ဇွန်    ၂၁

 

 

မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ယနေ့  နံနက် ၉ နာရီအချိန်ခန့်က ရေချို ငါးမွေးမြူရေးနှင့် အခြေခံငါး ဆေးထိုးသားဖောက်ခြင်းသင်တန်း(၁/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ကျင်းပသည်။

 

 

အခမ်းအနားတွင် မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်မှူး ဦးထွန်းထွန်းဝင်းက မွန်ပြည်နယ် အတွင်းရှိသည့် ငါးမွေးတောင်သူများနှင့် စိတ်ဝင်စားသူများကို ငါး‌မွေးမြူခြင်းလုပ်ငန်းနှင့်ပတ်သတ်၍  စာတွေ့လက်တွေ့ စဉ်ဆက်မပြတ် လက်ဆင့်ကမ်း သင်ကြားပေးနေပြီး သိရှိခဲ့သည့်နည်းစနစ်များကို လက်ဆင့်ကမ်းဖြန့်ဝေပေးခြင်းဖြင့် အကျိုးပြုဆောင်ရွက်စေလိုကြောင်း မိမိတို့ဒေသရှိ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူများအား ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး ငါးမွေးတောင်သူများ အနေဖြင့် ကောင်းမွန်သည့် ရေသတ္တဝါမွေးမြူရေးကျင့်စဉ်နဲ့အညီ ဂရုပြု ဆောင်ရွက်စေလိုပါကြောင်း အမှာစကား ပြောကြားသည်။

 

အဆိုပါသင်တန်းတွင် ငါးမျိုးရွေးချယ် ထိန်းသိမ်းပြီး မျိုးဗီဇမြှင့်တင်ခြင်း ရေချိုငါးမျိုးနှင့် အလှမွေး ငါးများ လက်တွေ့ဆေးထိုးသားဖောက်တာခြင်း၊ ငါးအစာအဟာရနှင့်အစာကျွေးနည်းစနစ်၊ ရေအရည် အသွေးတိုင်းတာစစ်ဆေးခြင်းစသည်တို့ကို ဇွန်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ စာတွေ့လက်တွေ့ သုံးရက်ကြာ ဖွင့်လှစ်သင်ကြား‌ပေးသွားမည်ဖြစ်ပြီး ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ငါး မွေးမြူရေး စိတ်ပါဝင်စားသူများ စုစုပေါင်း သင်တန်းသား/သူ ၂၅ ဦး  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

 

ကိုကိုဦး