ကြို့ပင်ကောက်မြို့တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်သွားလာသူ မရှိစေရေးဆောင်ရွက်

 

ကြို့ပင်ကောက် ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့အတွင်း ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံပွားမှု ကာကွယ်နိုင်ရန် နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်သွားလာရေးအတွက် အရှေ့လမ်းမတော်လမ်း မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်သွားလာသူ မရှိစေရေး ဆောင်ရွက်မှု နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကန်ပိန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ကြို့ပင်ကောက်မြို့ရှိ ဒေသခံပြည်သူများ အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်သွားလာရာတွင် နှာခေါင်းစည်းများ တပ်ဆင်သွားလာပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး လှုပ်ရှားမှုကို အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ထိုသို့ အသိပညာပေးလှုပ်ရှားမှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ပူးပေါင်းကာ လူထုလှုပ်ရှားမှုအသွင်ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲအပြင်ထွက်သွားလာသူမရှိစေရေး နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း ဇွန်လ ၂၂ ရက်နေ့တွင်လည်း အရှေ့မြို့ပတ်လမ်း ရုံးလမ်းမီးပွိုင့်တွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)