သတင်းများ

ဘုတလင်မြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦများ ဆောက်လုပ်နေမှု အား ကွင်းဆင်းစစ်ဆေး
Aug 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ချင်းတွင်းကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာန အဆောက်အဦများ ဆောက်လုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင် များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်အတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို ကျေးရွာများအရောက်ကွင်းဆင်း အသိပညာပေး
Aug 16,2020
ရမည်းသင်းမြို့နယ်အတွင်းရှိ မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်အသုံးပြုသူများ၊ မော်တော်ဆိုင်ကယ် အသုံးပြုသူများ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ‌ပေးခြင်းကို အမှတ်(၉၇) ယာဉ်ထိန်းတပ်ဖွဲ့စု(ရမည်းသင်း)က ယမန်နေ့ နံနက်(၉)နာရီက ကျေးရွာများသို့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဂန့်ဂေါမြို့နယ် ကျောမြို့တွင် မိုးဦးမိုးကောင်းသဖြင့် စပါးကွင်းများအားလုံးနီးပါး စိုက်ပျိုးနိုင်
Aug 16,2020
ဂန့်ဂေါမြို့နယ် ပုံတောင်ပုံညာဒေသရှိ ကျောမြို့တွင် မိုးဦးကာလ မိုးကောင်းစွာရရှိသဖြင့်ယခုနှစ် မိုးစပါးကို ကွင်းအားလုံးနီးပါး စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကော့ကရိတ်ခရိုင် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်း (၆၀) ဦးအား ခရိုင်ကော်မရှင်အဖွဲ့ခွဲမှ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Aug 16,2020
၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမည့် ကော့ကရိတ် ခရိုင်အတွင်းရှိ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသော နိုင်ငံရေး ပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကော့ကရိတ်ခရိုင် ကော်မရှင် အဖွဲ့ခွဲ ရုံးတွင် ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ စိစစ်ခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဖြတ်သူများအား အထောက်အကူပြုရန် မက်သဒုန်းဆေးခန်း ကန့်ဘလူမြို့၌ ဖွင့်လှစ်မည်
Aug 16,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် မူးယစ်ဆေးဖြတ်သူများအား အထောက်အကူပြုရန်နှင့် မူး ယစ်ဆေးသုံးစွဲမှု လျှော့ချနိုင်စေရန်ရည်ရွယ်ချက်ဖြင့် မက်သဒုန်းဆေးခန်းကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ဩဂုတ် ၁၇ ရက်နေ့တွင် စတင် ဖွင့်လှစ်၍ စီစဉ်ထား ကြောင်း သိရသည်။