ဒဂုံမြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်
Mar 18,2020
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းစဉ်အဖြစ် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ဇန်နဝါရီလ၊ဖေဖော်ဝါရီလနှင့် မတ်လအတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ယောမင်းကြီးရပ်ကွက်၌ ယမန်နေ့ မွန်းလွဲ၂နာရီက သက်ကြီးဘိုးဘွား တစ်ဦးချင်းအလိုက် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ပေးအပ်ကြောင်း သိရသည်။