သတင်းများ

မအူပင်မြို့တွင် နိကာယ်(ဝိဒူတန်း)စာမေးပွဲကျင်းပ
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၁ ခုနှစ် နိကာယ်(ဝိဒူတန်း) စာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီ အချိန်တွင် ကမ်းနားလမ်းတိုးရွှေဝါခန်းမ ၌ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရွှေကူမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 22,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲတိုင်ထောင် စိုက်ပျိုးသည့်တောင်သူများ ပုံမှန်ဝင်ငွေရရှိနေ
Jun 22,2021
ပျော်ဘွယ်မြို့နယ်အတွင်းရှိတောင်သူများအနေဖြင့် စပါး၊ ဝါ၊ ပဲ၊ ပြောင်း စသည့်အဓိကသီးနှံများကို စိုက်ပျိုး နေသည့်အပြင် စားဝတ်နေရေးအတွက် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုစေရန် အတွက် ပဲတိုင်ထောင်ကို စိုက်ပျိုးရောင်းချလာကြောင်း သိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ ဝန်ထမ်းနှင့်မိသားစုဝင်များအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး
Jun 22,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက် ရှိသောနိုင်ငံ့ဝန်ထမ်း များနှင့် မိသားစုဝင်များအား ဇွန်လ(၂၂)ရက်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် COVID-19  ရောဂါကာကွယ်ဆေးများထိုးနှံခြင်းလုပ်ငန်းများ  ပြုလုပ်ပေး ခဲ့ကြောင်းသိရှိရသည်။
ဒေးဒရဲတံတားစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်
Jun 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ဒေးဒရဲတံတား စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်းက စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ နှင့် ဌာဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသူများ အား ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့ရှိ တောင်သူများ ဆင်းသုခ စပါးမျိူးအား SRI (ပျိုးသက်နု ကောက်ကွက်ကြဲ စံပြကွက်) စိုက်ပျိုးရန်အတွက် ပျိုးပန်းများဖြင့် ပျိုးထောင်ထား
Jun 22,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ တောင်သူများ ဆင်းသုခ စပါးမျိုးအား SRI (ပျိုးသက်နု ကောက်ကွက်ကြဲ စံပြကွက်) စိုက်ပျိုးရန်အတွက် စိုက်ပျိုး ဧက ၅ ဧကစာ ပျိုးပန်းဖြင့် ပျိုးထောင်ထားလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ သဗ္ဗညုဆုတောင်းပြည့်စေတီတော် စိန်ဖူးတော်တင်လှူပူဇော်ပွဲကျင်းပ
Jun 22,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မိုင်းဖုန်းဆရာတော်၏ အဓိဋ္ဌာန်အရတည်ထားသည့် သဗ္ဗညု ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား စိန်ဖူးတော် တင်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈  နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။
တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ကျန်းမာရေးအသိပညာပေးရှင်းလင်းဆွေးနွေး
Jun 22,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ မိသားစုဝင်များအား ကျန်းမာရေး အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပကြောင်း သိရသည် ။