ဒေးဒရဲ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ဒေးဒရဲတံတား စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်ပိုင်းက စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ နှင့် ဌာဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသူများ အား ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးပေးခြင်းများလုပ်ငန်းများ ဆောင်ရွက်ရာတွင်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင် ရေးနှင့် ပြည်သူလူထုအတွင်းကူးစက်ပျံ့နှံ့မှု မရှိစေရေးတိုအတွက် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ အခြားတိုင်းဒေသကြီးများမှ ဝင်ရောက်လာသူ အားလုံး၏ အမည်၊ နေရပ်လိပ်စာ၊ ခရီးသွားရာဇဝင်နှင့် တယ်လီဖုန်းနံပါတ်များအား မှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်း လမ်းညွှန်များအတိုင်း ဆောင်ရွက်ပြီး အပူချိန် 38 Degree C အထက်ရှိပါက လည်းကောင်း၊ ကိုဗစ်-၁၉ သံသယလက္ခဏာများ ရှိပါကလည်းကောင်း၊ သွေးတွင်း အောက်ဆီဂျင် ၉၂% အောက်ရှိပါကလည်းကောင်း၊ ဆေးစစ်ကုန်ကျစရိတ်(၁၀၀၀ဝိ/-)ကို ပေးဆောင်စေပြီး RDT test kits ဖြင့် စစ်ဆေးပေးသွားမှာဖြစ်ကြောင်း၊ RDT test kits စစ်ဆေးရာမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိပါက အခြား တိုင်းဒေသကြီးများမှ လာရောက်သူများအား ဆေးကုသမှုခံယူနိုင်ရေး သက်ဆိုင်ရာနေရပ်ရှိ ကျန်းမာရေး ဌာနများ နှင့် ချိတ်ဆက်၍ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ဒေးဒရဲမြို့နယ် အတွင်း နေထိုင်သူများ ဖြစ်ပါက မြို့နယ် ကိုဗစ်-၁၉ ကော်မတီက ပြင်ဆင်ဖွင့်လှစ်ထားသည့် ယာယီဆေးရုံများတွင် ဆေးကုသမှု ခံယူနိုင်ရေး ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း