ရွှေကူမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရွှေကူ ဇွန် ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုင်းထွန်းက ရွှေကူမြို့နယ်အောက်လေး လမ်းဆုံဂိတ်သို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ခရီးသွားပြည်သူများ လာရောက်ပါက အများပြည်သူအကျိုးကို ရှေ့ရှု၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုယ်အပူချိန်တိုင်းတာခြင်းလုပ်ငန်းကို လမ်းညွှန်ချက် အတိုင်း ဆောင်ရွက်ပြီး အပူချိန်မြင့်တက်နေပါကလည်းကောင်း၊ သံသယလက္ခဏာများတွေ့ရှိပါကလည်းကောင်း၊ လက်ချောင်းထိပ်တွင် Puls Oximeters ဖြင့် သွေးတွင်းအောက်ဆီဂျင်(SpO2) တိုင်းတာခြင်းအား ဆောင်ရွက်ပြီး သွေးတွင်းအောက်ဆီဂျင် (၉၂%)အောက်ရှိသော ခရီးသွားများအား ခေတ္တနားနေစေ၍ ပြန်လည်တိုင်းတာရန်နှင့် ပြန်လည်တိုင်းတာရာတွင် သွေးတွင်းအောက်ဆီဂျင် (၉၂%) အောက်ရှိပါက လည်းကောင်း၊ RDT ဖြင့် စစ်ဆေး ဆောင်ရွက်ခြင်းကို အောက်လေးလမ်းဆုံဂိတ်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ Stay at Home သတ်မှတ်ထားသော မြို့နယ်များမှ ဝင်ရောက်လာသူများအား သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာ Community Based Facility Quarantine Cener များတွင်(၁၀)ရက်ကြာ အသွားအလာ ကန့်သတ်ထားရှိပြီး (၃)ရက်မြောက်နေ့တွင် RDT Test Kitဖြင့် ပထမအကြိမ်စစ်ဆေးပြီး၊ (၇)ရက် မြောက်နေ့တွင် RT-PCR ဖြင့် ဒုတိယအကြိမ်၊ စုစုပေါင်း(၂)ကြိမ် စစ်ဆေး ဆောင်ရွက်မည်ဖြစ်ပြီး စစ်ဆေးရေးဂိတ်နှင့် Community Based Facility Quarantine Center များတွင် ကိုဗစ်−၁၉ Positive လူနာတွေ့ရှိပါက ရွှေကူမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူစေ၍ ကိုဗစ်−၁၉ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သူများကို ရွှေကူမြို့နယ် အိုးအိမ်ဦးစီးဌာန ဝန်ထမ်း အိမ်ယာ Community Based Facility Quarantine Center သို့ပို့ဆောင်၍ သွားလာမှုကန့်သတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကူးစက် ပျံ့နှံ့မှုကိုကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအများအကျိုးကို ရှေ့ရှု၍ပြည်သူများအကြားတွင် ရောဂါကူးစက်မှု အဆင့်ဆင့် ဆက်လက်မဖြစ်ပေါ်စေရေး ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာမှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။