မြင်းမူ ဇွန်လ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက် ရှိသောနိုင်ငံ့ဝန်ထမ်း များနှင့် မိသားစုဝင်များအား ဇွန်လ(၂၂)ရက်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် COVID-19 ရောဂါကာကွယ်ဆေးများထိုးနှံခြင်းလုပ်ငန်းများ ပြုလုပ်ပေး ခဲ့ကြောင်းသိရှိရသည်။
ကာကွယ်ဆေးမထိုးနှံမီ ကနဦးအနေဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကာကွယ်ဆေးနှင့် မတည့်သည့် ရောဂါလက္ခဏာရှိ/မရှိမေးမြန်းခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တစ်ဦးနှင့်တစ်ဦး(၆) ပေအကွာတွင် နေထိုင်စေခြင်းနှင့် ဆေးထိုးပြီးမနစ်(၂၀)ခန့်ဆေးထိုးသည့် ပါတ်ဝန်းကျင်တွင် အနားယူစေခြင်း များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကို ဦးဆောင်လျက် မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြတ်သုခလူမှုကူညီရေးအသင်းဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ယခုအကြိမ် COVID-19 ရောဂါကာကွယ်ဆေးထိုးနှံရာသို့ ဆရာတော်သံဃာတော်များအပါ အဝင် ဝန်ထမ်းနှင့် မိသားစုဝင်စုစုပေါင်း(၁၆၈)ဦးရှိကြောင်းသိရှိရပြီး ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံခြင်းကို ဇူလိုင်လ(၂၀)ရက် နေ့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)