မအူပင်မြို့တွင် နိကာယ်(ဝိဒူတန်း)စာမေးပွဲကျင်းပ

မအူပင် ဇွန် ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၁ ခုနှစ် နိကာယ်(ဝိဒူတန်း) စာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီ အချိန်တွင် ကမ်းနားလမ်းတိုးရွှေဝါခန်းမ ၌ကျင်းပပြုလုပ်ကြောင်းသိရသည်။
အဆိုပါ နိကာယ်(ဝိဒူတန်း) စာမေးပွဲတွင် စာရင်းရှိ စာဖြေသံဃာ ၇၂ ပါး ၊သီလရှင် ၂၇ပါးစုစုပေါင်း(၉၉)ပါးရှိပြီး ဇွန်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ နေ့စဉ် မွန်းလွဲ ၁နာရီမှ ညနေ၅နာရီအထိကျင်းပမည်ဖြစ်ကြောင်းသိရသည်။
အောင်ခိုင်ပြန်/ဆက်