နတ်မောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် အင်္ဂလိပ်စာပညာဒါနသင်တန်းဖွင့်လှစ်
Mar 12,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အင်္ဂလိပ်သဒ္ဒါ ၊ အင်္ဂလိပ်စကားပြောစွမ်းရည်သင်တန်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာခင်က ဗုဒ္ဓဓမ္မနှင့် အင်္ဂလိပ်သဒ္ဒါ၊ အင်္ဂလိပ်စာစကားပြောစွမ်းရည် မြင့်မားတိုးတက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ပါကြောင်းနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းကာလကို မတ် ၁၁ ရက်နေ့မှ စ၍ (၂) လတိတိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနည်းပြအဖြစ် ဆရာ ဒေါ်ချိုချိုသင်း (Buddhism) ကသင်ကြား ပို့ချသွားမည်ဖြစ်သည်။