ဝန်းသိုမြို့နယ်၌ ကျေးရွာအဆင့်ခေါင်းဆောင်မှုပညာနှင့် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 01,2021
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ရွာတွင်းလမ်း ဂျင်းမြေခင်းခြင်းလုပ်ငန်း အောင်မြင်ပြီးစီးခြင်းအထိမ်းအမှတ် ကျေးရွာအဆင့် ခေါင်းဆောင်မှုပညာနှင့် အစိမ်းရောင်ကျေးလက် ဒေသဖွံဖြိုးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က နမလင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပသည်။