သတင်းများ

မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် (၄)ထပ်ဆောင် အဆောက်အဦ တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ
Mar 20,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေး တိုင်းရင်းဆေး တက္ကသိုလ်တွင် စာကြည့်တိုက်၊ ပြတိုက်၊ သုတေသနလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်စေရေးအတွက် (၄)ထပ်ဆောင် အဆောက်အဦ အသစ်တစ်လုံး တည်ဆောက်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်၉နာရီက တိုင်းရင်းဆေးတက္ကသိုလ်ဝင်း အတွင်းရှိ သတ်မှတ်နေရာ၌ ကျင်းပသည်။
မင်းဘူးမြို့ ကြာကန်ကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာတွင် ဝါးတောင်း ရက်လုပ်ရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိ
Mar 20,2020
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကြာကန်ကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာတွင် ဝါးဖြင့် ပြုလုပ်သော အိမ်အသုံးအဆောင်ပစ္စည်းများ ရက်လုပ်ရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရ သည်။
မိုင်းဖြတ်၌ သောက်သုံးရေလိုအပ်သည့် ကျေးရွာများသို့ သွားရောက်လှူဒါန်း
Mar 20,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှုးရုံးမှ ယမန်နေ့နံနက် ၉နာရီက သောက်သုံးရေအခက်အခဲဖြစ်သည့် ဝမ်လုံးကျေးရွာအုပ်စု၊ နားမွန်းကျေးရွာ နှင့် ညနေ ၅နာရီက နမ့်လန်းကျေးရွာအုပ်စု ပါပူးကျေးရွာများသို့ သောက်သုံးရေများကို သွားရောက် လှူဒါန်းပေးခဲ့သည်။
မေတ္တာမြို့၌ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကြိုတင်ကာကွယ်စစ်ဆေးမှုများပြုလုပ်
Mar 20,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊အမှတ်(၁)ရပ်ကွက် မေတ္တာတံတားထိပ်၌ ကိုရိုနာ ဗိုင်းရပ်စ် COVID-19 ရောဂါကြိုတင်ကာကွယ် စစ်ဆေးမှုများကို ယမန်နေ့ နံနက် (၉)နာရီမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Mar 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန် ခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီအချိန်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ(Covid-19) နှင့် ပတ်သက်၍ အသိပညာပိုမိုတိုးတက်စေရန်နှင့် ရောဂါမဖြစ်စေရန် ကာကွယ်ရမည့် နည်းလမ်း
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အိမ်မဲမြို့ မြို့မဈေးကြီးအတွင်း လက်ဆေးဘေစင်များ ထားရှိ
Mar 20,2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့ မြို့မဈေးကြီးအတွင်း၌ လက်ဆေးဘေစင်များကို ယမန်နေ့ ညနေ ၃ နာရီမှ စတင်ပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ထားရှိခဲ့ကြောင်းသိရသည်။
ကျိုက်လတ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 20,2020
လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်း အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပေးပို့နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၃) နာရီက ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အင်းတော်မြို့နယ်အတွင်း ဒုတိယအကြိမ် မြစိမ်းရောင် နွားမွေးမြူရေး စီမံကိန်းအဖြစ် ပုန်းဟုန်ကျေးရွာတွင် ဆောင်ရွက်
Mar 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပုန်းဟုန်ကျေးရွာအုပ်စု ပုန်းဟုန်ကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီမံဆောင်ရွက်သည့် မြစိမ်းရောင် နွား မွေးမြူရေးလုပ်ငန်းကို ကျေးရွာအတွင်းရှိ တောင်သူ ဦးကြီးများဖြင့် ဆောင်ရွက်လျက်ရှိသည်။