သတင်းများ

ယင်းမာပင်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး
Mar 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-၁၉) ကြိုတင် ကာကွယ်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယင်းမာပင်ခရိုင် စုစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ကျင်းပကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်​​​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့်​ နေရပ်ပြန်လာသူများ၏ အတူ​နေမိသားစုဝင်များ လိုက်နာရန် အချက်များ ရှင်းလင်းပွဲပြုလုပ်
Mar 19,2020
မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်​ရောဂါ​ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်​ရေး လုပ်ငန်းဆိုင်ရာများ ​နေရပ်ပြန်လာသူများ၏ အတူ​နေမိသားစုဝင်များ လိုက်နာရန် အချက်များ ရှင်းလင်းပွဲကို
ကော့မှူး၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီတွင် စမ်းကောက် ကျေးရွာ၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ချီဖွေမြို့နယ် မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းအား လာရောက်ကြည့်ရှုအားပေး
Mar 19,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ရုံးရှိ ကလေးစာဖတ်ခန်းအား မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့မှ ယမန်နေ့ မွန်းလွဲပိုင်းက လာရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။
မြောင်းမြ၌ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
Mar 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (ဇန်နဝါရီ ၊ ဖေဖေါ်ဝါရီ၊ မတ်) သုံးလစာအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်လျက်ရှိရာ ယနေ့ နံနက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်ထွေးရီနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများနှင့်အတူ အမှတ်(၁၀)ရပ်ကွက်ရှိ အဘွားဒေါ်ခင်ကြည်ထံ အိမ်တိုင်ယာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
မြိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်းစောင်များ စဉ်ဆက်မပြတ် ဖြန့်ဝေလျက်ရှိ
Mar 19,2020
ကမ္ဘာနိုင်ငံအသီးသီး၌ ကူးစက်မှုများဖြစ်ပွားနေသော Covid-19 ဗိုင်းရပ်စ် ကြိုတင်ကာကွယ်သည့် ပညာ ပေးလက်ကမ်းစာစောင်များကို မြိတ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ပြည်သူများ နေ့စဉ်လှုပ်ရှားသွားလာ လျက်ရှိသော နေရာများတွင် ဖြန့်ဝေလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကမ်းနားလမ်းနှင့် တံတားများတွင် သွားလာလျက်ရှိသော ပြည်သူများနှင့် ခရီးသွားပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
လူစည်ကားရာ နေရာများနှင့် ရုံးဌာနများတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်ပြီး အသိပညာပေးခြင်း ဆောင်ရွက်
Mar 19,2020
ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါ (2019-nCov) နှင့်ပတ်သက်ပြီး မွန်ပြည်နယ် ချောင်းဆုံ မြို့နယ်အတွင်း လူစည်ကားရာနေရာများဖြစ်သည့်
ဟိုပုံးမြို့နယ်၌ ရောင်းချလျက်ရှိသော အစားအသောက်များ၊ အလှကုန်ပစ္စည်းများနှင့် ရေသန့်လုပ်ငန်းများအား အသိပညာပေးအစည်းအဝေးပြုလုပ်
Mar 19,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရောင်းချလျက်ရှိသော အစားအသောက်များ၊ အလှကုန်ပစ္စည်းများနှင့် ရေသန့်လုပ်ငန်းများအား အသိပညာပေးအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဟိုပုံးပြည်သူ့ဆေးရုံအစည်း အဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။