မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မောင်ငံရပ်ကွက်အတွင်း ပြည်သူများအား အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးတို့အတွက် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများမှ ယနေ့နံနက် ၁၀ နာရီက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူ ကျား(၉၆)ဦး၊ မ(၈၉)ဦးနှင့်အသက်(၁၆)နှစ်နှင့်(၁၇)နှစ်အကြား နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူ ကျား(၄၃)ဦး၊ မ(၄၀)ဦးတို့အား ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မော်လမြိုင်မြို့နယ် အတွင်း ပန်းခင်း စီမံချက်ဖြင့် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာ(၄)ရွာတို့ကို ဆောင်ရွက် ပေးခဲ့ပြီးဖြစ်သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ကြသည့် နိုင်ငံသားတိုင်း နိုင်ငံသား အခွင့်အရေးရရှိစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏လမ်းညွှန်ချက်အရ နိုင်ငံသား စိစစ်ရေး ကတ်ပြားမရရှိသေးသူ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြား ရရှိရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ရရှိရေးတို့အတွက် မြို့နယ်အသီးသီးရှိ ရပ်ကွက်/ ကျေးရွာများ၌ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူထံမှသိရသည်။
ခရိုင်(ပြန်/ဆက်)