ပုလဲမြို့၌ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပုလဲ ဇူလိုင် ၁ 

စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်၊  ပုလဲမြို့၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ပုလဲရတနာခန်းမ၌ ယမန်နေ့က နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့်  ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး(ကိုယ်စား)ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးက အမှာစကားပြောကြားခဲ့ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်က နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ကိုဗစ် - ၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ ပန်းခင်း စီမံချက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်  သစ်ပင်များ စိုက်ပျိုးရေး၊ ကျေးရွာသုံး   ထင်းစိုက်ခင်းများ   ထူထောင်နိုင်ရေးအတွက် ဆောင်ရွက် ရမည့်  လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကိုကိုဦးက နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက်  ဆောင်ရွက်နေသည့်  လုပ်ငန်းစဉ်များကို လည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးညီညီက ပန်းခင်း စီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး အတွက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

ထိုနောက် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ ကို တင်ပြဆွေးနွေးရာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးရဲအောင်က  သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးမည့် လုပ်ငန်းအစီအမံများကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်းသိရသည်။

 

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ် ရေးမှူး ဦးဇော်ဝင်းဌေး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ  မြို့နယ်ဦးစီးမှူးရုံး   ဦးစီးအရာရှိ  ဦးညီညီ၊ ဒုတိယ မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကိုကိုဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်နှင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မင်းခန့်စိုး(ဇေယျာမြေ)