ခရမ်းမြို့နယ် ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

 

ခရမ်း  ဇူလိုင် ၁

 

ရန်ကုန်တောင်ပိုင်းခရိုင်၊  ခရမ်းမြို့နယ် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုမြိုနယ်အုပ်ချုပ်ရေးမှူး ဦးရဲမွန်အောင်က  Facility Quarantine Center အဖြစ်  ဆောင်ရွက်ရန် လျာထားသည့်အမှတ်( ၂ ) ရပ်ကွက်ရှိ  မိုးကုတ်ရိပ်သာအား ကြိုတင်ပြင်ဆင်ရေးနှင့် Community  Quarantine  Center အဖြစ် ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး  ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် များက  မြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ  ကူးစက်ပျံနှံ့မှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး ဆက် လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 ယခုအခါ ခရမ်းမြို့နယ်အတွင်း ကိုဗစ်-19 ရောဂါပိုး တွေ့ရှိမှုမှာ ၁၃ ဦးအထိ တွေ့ရှိခဲ့ပြီး ခရမ်းမြို့မ ဆေးရုံတွင် သီးသန့်ထားကုသပေး၍ ၎င်းတို့နှင့် ထိစပ်သူများကို နေအိမ်များတွင်သာ Quarantine ထားရှိကူးစက်မှုများ တာဆီးနိူင်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း