သဲကုန်း​မြို့၌ ဆရာတော်တစ်ပါးမှ ကို​ဗစ်ပိုး တွေ့ရှိ

 

 

သဲကုန်း  ဇူလိုင် ၁

 

ပဲခူးတိုင်း​ဒေသ​ကြီး၊ သဲကုန်းမြို့၊ မြို့မရပ်ကွက်၊ထန်ရင်းကျောင်းမှ ဆရာတော်တစ်ပါးသည် နေမကောင်းဖြစ်ပြီး အနံ့ပျောက်ဆုံးနေကြောင်းသတင်းပေးပို့လာသဖြင့် မြို့နယ်ကျန်းမာရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက RDT ဖြင့်သွားရောက်စစ်ဆေးရာ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရ ကြောင်း သိရှိရသည်။

 

အဆိုပါ ဆရာတော်သည် stay at home မြို့နယ်သို့ သွားရောက်ခဲ့ခြင်းမရှိသလို ကိုဗစ် positive

လူနာများနှင့်လည်း ထိတွေ့ခဲ့ခြင်းမရှိကြောင်းသိရပြီး ဆရာတော်အား သီတဂူ FQC မှ မြို့နယ် ဆေးရုံ သီးသန့်ဆောင်သို့ လွှဲပြောင်းပေးပို့ပြီး ကျန်းမာရေး စောင့်ရှောက်မှုပေး သွားမည် ဖြစ်သည်။

 

ဆရာတော်နှင့် ထိတွေ့ထားသူ (၆) ဦးအား ရောဂါပိုး ကူးစက်ခံထားရမှု ရှိ/မရှိ ထပ်မံစစ်ဆေး အသိပေးထုတ်ပြန်သွားမည်ဖြစ်ပြီး ထိတွေ့သူ(၆) ဦးအား သဲကုန်းမြို့သီတဂူ FQC တွင် အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရသည်။

 

နိုင်လင်း