လပွတ္တာခရိုင်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေး
Jul 01,2021
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ၂၀၂၁ခုနှစ် မေ(၃)ရက်နေ့မှစ၍ မြို့နယ်အတွင်းသို့ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ ဇွန်လ(၃၀)ရက်နေ့ အထိ အိမ်ထောင်စုလူဦးရေစာရင်း (၂၅၆၉)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၇၂)ကတ်တို့အား ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်းသိရသည်။