ဝန်းသို ဇူလိုင် ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ရွာတွင်းလမ်း ဂျင်းမြေခင်းခြင်းလုပ်ငန်း အောင်မြင်ပြီးစီးခြင်းအထိမ်းအမှတ် ကျေးရွာအဆင့် ခေါင်းဆောင်မှုပညာနှင့် အစိမ်းရောင်ကျေးလက် ဒေသဖွံဖြိုးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က နမလင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေက စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများ၊ (GAP)စိုက်နည်းစနစ်၊ ဘက်စုံပိုးမွှားရောဂါကာကွယ်ရေးနည်းလမ်းများနှင့် တောင်သူများ အဟာရပြည့်ဝသော သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့ကိုရှင်းလင်းပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း အကြောင်း၊ ကျေးရွာအဆင့်ခေါင်းဆောင်မှုပညာ၊ အစိမ်းရောင်ကျေး လက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူ ဘောင်၏လုပ်ငန်းစဉ်များနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် အကြောင်းတို့ကို ကျေးရွာပြည်သူများနှင့် ကျောင်း သားကျောင်းသူများအား အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
နမလင်းကျေးရွာ ရွာတွင်းလမ်း အရှည် ၈၆၀၅ပေ ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ဂျင်းမြေခင်းခြင်း လုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP) ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်းရန်ပုံငွေကျပ်သိန်း (၁၀၀)၊ ပြည်သူထည့်ဝင်ငွေကျပ် (၇.၄) သိန်း၊ လုပ်အားထည့်ဝင်ငွေကျပ် (၂၀.၃) သိန်း စုစုပေါင်းကုန်ကျငွေကျပ် (၁၂၇.၇)သိန်းဖြင့် ကျေးရွာ ပြည်သူများ ကိုယ်တိုင်စီမံခန့်ခွဲ ဆောင်ရွက်ပြီးစီးခဲ့ ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ထံမှ သိရသည်။
ကျော်မြိုင်