ဒေးဒရဲမြို့နယ် ကျုံသင်ကျေးရွာတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဒေးဒရဲ ဇူလိုင် ၂

ရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မီးသတ်ဦးစီးဌာနက ကျုံသင်ကျေးရွာရှိ ကျုံသင်နယ်မြေ မီးသတ်စခန်းတွင် ၂၀၂၁-ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဟန်ဝင်းစိုးနှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များက ကျုံသင်နယ်မြေ မီးသတ်စခန်းဝန်းအတွင်း အရိပ်ရရင်၊ နှစ်ရှည်ပင်နှင့် စားသုံးသီးပင်များဖြစ်သော ကျွန်းပင်၊ မန်ဂျန်ရှား၊ မလေးရှားပိတောက်၊ ကွမ်းသီးပင်၊ ငှက်ပျောပင်၊ သံပရာပင်နှင့် သရက်ပင် စသည့် အပင်များအား စုပေါင်း စိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။

ရွှေဒေးသူ