ပဲခူးမြို့ ကိုဗစ်-၁၉ သံသယရှိသူများ လက္ခဏာရှိသောသူများနှင့် အနံ့မရရှိသူများအား စစ်ဆေးဆောင်ရွက်

ပဲခူး ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ကိုဗစ်-၁၉ သံသယလက္ခဏာရှိသောသူများနှင့် အနံ့မရသောသူများ အား မြို့နယ်အတွင်းရှိ မင်္ဂလာမြန်မာ Hotel ၊ အမရာဂိုးလ် Hotel ၊ အသောက Quarantine Centre နှင့် သိရိဟံသာခန်းမတို့တွင် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ စစ်ဆေးပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်ရောဂါ စစ်ဆေးရေး(၄)ခုမှ ဇူလိုင်လ(၁)ရက်နေ့တွင် လာရောက်စစ်ဆေးခံသူ စုစုပေါင်း (၁၂၈)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ (၅၄)ဦးမှာ ရောဂါပိုးတွေ့ရှိပြီး ရောဂါပိုး တွေ့ရှိသူများကို ပဲခူးမြို့ အထွေထွေပြည်သူ့ဆေးရုံကြီးတွင် ကုသစေပြီး ရောဂါအခံရှိသူများကို ဆေးရုံ ကြီးတွင် ကုသပြီး ရောဂါ အခံ မရှိသူများကို သက်ဆိုင်ရာ Quarantine Centre များသို့ ပို့ဆောင်ကုသပေးနေကြောင်း သိရသည်။ ပဲခူးမြို့နယ် တွင် ရောဂါပိုး မပြန့်ပွားစေရန်နှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အထူးကြပ်မတ်ဆောင်ရွက်ပေးနေ ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မျိုးငြိမ်း