ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန သင်တန်းကျောင်းများ၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပ

သထုံ  ဇူလိုင်  ၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှု အောက်ရှိ သထုံ၊ မုဒုံနှင့် ရေး မြို့နယ်များမှ သင်တန်းကျောင်း လေးကျောင်းတို့တွင် ဇူလိုင်လ ၁ ရက်၊ နံနက်က မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သထုံခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ သထုံမြို့နယ်နှင့် ရေးမြို့နယ်တို့မှ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၊ ရေးမြို့နယ်နှင့် မုဒုံမြို့နယ်တို့မှ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ စုစုပေါင်းသင်တန်းကျောင်း ၄ ကျောင်းတို့ရှိ ဝန်ထမ်းများ၊ ကျောင်းသားကျောင်သူများ သင်တန်းသူများစုပေါင်းကာ သင်တန်းကျောင်းများဝင်းအတွင်း ကျွန်း၊ ပိတောက်၊ မဟော်ဂနီ စသည့် နှစ်ရှည်ပင်၊ အရိပ်ရပျိုးပင် စုစုပေါင်း ၅၀၀ ကျော် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)