ဒေးဒရဲမြို့၌ စားသုံးဆီများတွင် မသန့်ရှင်းသော ဆီများရောနှောရောင်းချမှု မရှိစေရေး ရှောင်တခင် စစ်ဆေး

ဒေးဒရဲ ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံသော စားသောက်ကုန်များအား စားသောက်နိုင်ကြပြီး အန္တရာယ် ကင်းရှင်းစေရန်နှင့် စားသုံးဆီများတွင် မသန့်ရှင်းသော ဆီများရောနှောရောင်းချမှုမရှိစေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင် များအားယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ် စစ်ဆေးရေးမှူး ဦးသိန်းမောင်နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့် စားသုံးဆီများတွင် မသန့်ရှင်းသော ဆီများ ရောနှောရောင်းချမှု မရှိစေရေး၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပါ ညွှန်ကြားချက်များ နှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသုံးသူပြည်သူများ ဘေးကင်း လုံခြုံမှုရှိစေရေး ပူးပေါင်းအဖွဲ့က အသိပညာပေး ရှင်းလင်းပြောကြား ခဲ့ကြကြောင်း သိရသည်။

ရွှေဒေးသူ