ကြံခင်း ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် အားကစားခန်းမတွင် ယမန်နေ့ ညနေပိုင်းက ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတတ်ရေး အစီအစဉ် (TSDP)အရ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား ဘော်လီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဘော်လီဘောပြိုင်ပွဲမှ ဆုရရှိကြသော အားကစား အသင်းများကို ဆုများချီးမြှင့်ရာ ပထမဆုရရှိသော (ရွာသစ်)အသင်းအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်မှ ဆုဖလားနှင့် ငွေသားဆုအား လည်ကောင်း၊ ဒုတိယဆုရရှိသော (ဘက်ရဲ)အသင်းအား မြို့နယ် လက်ထောက်ပညာရေးမှူး ဦးခင်လွင်မှ လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တတိယ ဆုရရှိသော (ရွှေပန်းတော)အသင်းအား မြို့နယ်ဘော်လီဘော ဆပ်ကော်မတီဥက္ကဋ္ဌ ဦးသိန်းဌေးဝင်း မှ လည်ဆွဲ ဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားအသင်းများကို ဆုချီးမြှင့်ရာ ပထမဆုရရှိသော (3K-FC)အသင်းအား မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်မှ ဆုဖလားနှင့် ငွေသားဆုအား လည်းကောင်း၊ ဒုတိယဆုရရှိသော (ဘိလပ်မြေ)အသင်းအား မြို့နယ်ပညာရေးမှူး (ပူးတွဲတာဝန်) ရေနံတောင်ကျောင်းအုပ် ဆရာမကြီး ဒေါ်ကြည်ကြည်စိန်မှ လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တတိယဆုရရှိသော (မျိုးဆက်သစ်)အသင်းအား မြို့နယ် ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးနေလင်းမှ လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်သူဇာလွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် မြို့နယ်အားကစား ဆပ်ကော်မတီအဖွဲ့ဝင်များ၊ အားကစား သမားများ တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)