မြစ်သား ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း ဓာတ်အားသုံးစွဲသူပိုမိုများ ပြားလာရာ ဓါတ်အားဖြန့်ဖြူးမှုစနစ် ကောင်းမွန်စေရေးအတွက် (10) MVA မှ( 20)MVAသို့တိုးမြှင့် တပ်ဆင်ခြင်းလုပ်ငန်းကို မြစ်သားမြို့ လျှပ်စစ်မန်နေဂျာရုံးအတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းကို ၂၀၂၀-၂၀၂၁ ခုနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် မန္တလေးလျှပ်စစ်ဓါတ်အားပေး ကော်ပိုရေးရှင်း ၊ မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Htoo Myat Myanmar Co; Ltd မှ မြစ်သားမြို့နယ် လျှပ်စစ်မန်နေဂျာရုံးအတွင်း၌ ၃၃/၁၁ကေဗွီ (၁၀)အမ်ဗွီအေ ဓါတ်အားခွဲရုံမှ (၂၀)အမ်ဗွီအေ ဓါတ်အားခွဲရုံ (၄၅ပေ၊ ၃၀ပေ) Control Building ဆောက်လုပ်ခြင်းနှင့် ၃၃ကေဗွီ Switch Bay (၁)စုံ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၃၅ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက မြစ်သားမြို့နယ်အတွင်း ဓါတ်အားကောင်းမွန်စွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
မြစ်သားမြို့နယ်အတွင်း ရပ်ကွက်(၆)ရပ်ကွက် ၊ ကျေးရွာစုစုပေါင်း (၁၀၇)ရှိပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ(၉၀)တို့တွင် ဓါတ်အားဖြန့်ဖြူးပေးထားပြီး ကျေးရွာ(၁၇)ရွာ မီးလင်းရန် ကျန်ရှိနေကြောင်း သိရသည်။
မြမြမွန်(မြစ်သား)